တပ်ကုန်းမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးအားကစားပြိုင်ပွဲတွင် ဗိုလ်မင်းရောင်းရပ်ကွက်အသင်းနှင့် ဆရာစံရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစား

တပ်ကုန်း ဇန်နဝါရီ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးအားကစားပြိုင်ပွဲကို ယမန်နေ့ ၃ နာရီခွဲအချိန်က မြို့နယ်အားကစားကွင်းတွင် ဗိုလ်မင်းရောင်းရပ်ကွက်အသင်းနှင့် ဆရာစံရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ဗိုလ်မင်းရောင်ရပ်ကွက်အသင်းနှင့် ဆရာစံရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဗိုလ်မင်းရောင်ရပ်ကွက်အသင်းက တစ်ဂိုး၊ ဆရာစံရပ်ကွက်အသင်းက တစ်ဂိုးတို့ဖြင့် သရေကျခဲ့ပြီး၊ ဗိုလ်မင်းရောင်ရပ်ကွက်အသင်းနှင့် ဆရာစံရပ်ကွက် အသင်းယှဉ်ပြိုင်ပွဲတစ်လျှောက်လုံး အကောင်းဆုံးအားကစားသမားဆုကို ဗိုလ်မင်းရောင်အသင်းမှ ကျောနံပါတ် ၁၀ ရှေ့တန်းညာဝန်းအားကစားသမား မောင်အောင်ပြည့်ဖြိုးက ရရှိခဲ့ပြီး ဆုတံဆိပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ ဆပ်ကော်မတီဝင် ဦးခွန်နိုင်ဝင်းက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်