သတင်းများ

သံတွဲမြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓါတ်ပုံများအား နံရံကပ်စာစောင်ပြသဆောင်ရွက်
Jan 15,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ် ပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါ လုပ်ငန်းဆောင်ရွက်နေမှု မှတ်တမ်းဓါတ်ပုံများအား ယနေ့နံနက်ပိုင်းမှစတင်၍  ပြသထားရှိရာ ကျောင်းသား/  ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ လာရောက်ကြည့်ရှုလေ့လာကြသည်။
ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး  TALK SHOW  ဆောင်ရွက်
Jan 15,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Communty Centre)ခန်းမ၌  မြို့နယ်မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်းပြီး ပြည်သူများသို့  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး TALKSHOW ဆောင်ရွက်မှုကို ယနေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ပေါက်တောမြို့ နယ် လူထုအခြေပြုဗဟိုဌာန၌ "လူငယ်နဲ့ အခွင့်အလမ်း"စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်
Jan 15,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  အများပြည်သူများ အသိပညာဗဟုသုတပြည့်ဝရေး၊ စာဖတ်ခြင်းဖြင့် အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရေး၊ လူငယ်များ စာဖတ်သည့်အလေ့အထများ ဖြစ်ပေါ်စေရန်နှင့် လူအများရှေ့တွင် ပြောရဲ ဆိုရဲ ရှိလာစေရေး၊ စာပေမှရရှိလာသော သင်ခန်းစာများဖြင့် လက်တွေ့နယ်ပယ်တွင် အသုံးချတတ်လာစေရန် ရည်ရွယ်၍ စာပေဝါသနာရှင်လူငယ်များနှင့် ပူးပေါင်းလျက် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော "လူငယ်နဲ့အခွင့်အလမ်း"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁) နာရီက လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ပြုလုပ်သည်။
မုဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ ၉၂၂၃၃ ဦးရှိပြီးဖြစ်
Jan 15,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီ ၁၃ ရက်နေ့အထိ လူဦးရေ ၉၂၂၃၃ ဦးအား အကြိမ်ပြည့်ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကလေးမြို့၊လူထုအခြေပြုဗဟိုဌာနတွင် လူမှုဖူလုံရေးလုပ်ငန်းအ‌ကြောင်းသိကောင်းစရာTalk Show ပြုလုပ်
Jan 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကလေး မြို့နယ်၊ လူမှုဖူလုံရေးအဖွဲ့တို့ ပူးပေါင်းပြီး လူမှုဖူလုံရေးလုပ်ငန်းအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ဇန်နဝါရီလ ၁၄ ရက်၊ နံနက် ၁၀ နာရီက ကလေးမြို့၊ လူထု အခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်
Jan 14,2022
ပန်းခင်းစီမံချက်ဖြင့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်(၉)နာရီက ဝက္ကသေးကျေးရွာအုပ်စု၊ ဝက္ကသေး ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အခြေခံသမဝါယမအသင်းများသို့ China Exim Bank မှ ချေးငွေများအားပြန်လည်ကောက်ခံ
Jan 14,2022
ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အခြေခံသမဝါယမအသင်း(၆၄)သင်းသို့ ထုတ်ချေးထားသော Chna Exim Bank မှ အသေးစားချေးငွေများအား မြို့နယ်သမဝါယမဦးစီးဌာနနှင့်မြို့နယ်သမဝါယမအသင်းစုတို့ ပူးပေါင်း၍ ယမန်နေ့ကစပြီးကွင်းဆင်း ကောက်ခံလျက်ရှိကြောင်းသိရသည်။
ခေါဇာမြို့တွင် စာရေးဆရာမြင့်‌ကျော် (သိကြားတန်း) ၏“ခယောင်းလမ်းမှသည် ပန်းလွင်ပြင်ဆီသို့”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Jan 14,2022
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ ခေါဇာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀နာရီခွဲက စာရေးဆရာမြင့်‌ကျော်(သိကြားတန်း)၏    “ခယောင်းလမ်းမှသည် ပန်းလွင်ပြင်ဆီသို့” စာအုပ် ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။