သံတွဲ ဇန်နဝါရီ ၁၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ် ပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါ လုပ်ငန်းဆောင်ရွက်နေမှု မှတ်တမ်းဓါတ်ပုံများအား ယနေ့နံနက်ပိုင်းမှစတင်၍ ပြသထားရှိရာ ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ လာရောက်ကြည့်ရှုလေ့လာကြသည်။
အဆိုပါ မြေစိုက်နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ချမှတ်၍ အကောင်အထည်ဖေါ်ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်း ဆောင်ရွက် နေမှု မှတ်တမ်းဓါတ်ပုံများပါဝင်သော ဗီနိုင်းပိုစတာများကို အများပြည်သူများ အလွယ်တကူလေ့လာ သိရှိ နိုင်စေရန်အတွက် ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင်ပြသဆောင်ရွက်ထားရှိခြင်း ဖြစ်သည်။
ခရိုင်ပြန်/ဆက်