ပိုင်ကျုံမြို့ ကော့ဖမွတ်-ကော့ကစွယ် ကျေးရွာချင်းဆက်လမ်းအား ဂဝံမြေခင်းခြင်း လုပ်ငန်းဆောင်ရွက်
Jan 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမအကြိမ် ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ကော့ ဖမွတ်-ကော့ကစွယ် ကျေးရွာချင်းဆက်လမ်းအား ဂဝံမြေခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။