ရမ်းဗြဲ ၊ ဇန်နဝါရီ - ၁၄
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Communty Centre)ခန်းမ၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်းပြီး ပြည်သူများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး TALKSHOW ဆောင်ရွက်မှုကို ယနေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှေ့ဦးစွာ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်နောင်ထွန်းမှ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမမှ ပြည်သူများအတွက် အသိပညာပေးလုပ်ငန်း ဆောင်ရွက်ပေးမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။ ၎င်းနောက်ရမ်းဗြဲမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဝေမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားရာတွင် မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိတဲ့ ဘေးအန္တရာယ်များကတော့ လေဘေး ၊ ရေဘေး၊ မီးဘေး၊ ငလျင်ဘေးအမျိုးမျိုးအနက်မှ မီးဘေးအန္တရာယ်က နှစ်စဉ် ၇၅% ဖြစ်ပွားလေ့ရှိပါတယ် ဒါကြောင့် မီးသတ်ဦးစီးဌာနအနေနှင့် မီးဘေးလုံခြုံရေးကို နှစ်စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက် ရှိပါ ကြောင်း၊ မီးဘေးလုံခြုံရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးသတိမူရေး၊ မီးငြိမ်းသတ်ရေး လုပ်ငန်းစဉ်(၃)ခုရှိကြောင်း၊ မီးသတိမူရေးအတွက် အသံချဲ့စက် ဖြင့်ရပ်ကွက်၊ ကျေးရွာများအတွင်း ပြည်သူများမီးနှင့်ပတ်သက်ပြီး သတိတရားရအောင် ဆော်ဩခြင်းဖြစ်ပြီး အိမ်တိုင်းတွင် မီးကိုစနစ်တကျသုံးဖို့ မီးချိတ်၊မီးကတ်၊ သဲပုံး ရေပုံးများထား
ရှိရန်၊ ကလေးသူငယ်များကို မီးနှင့်မကစားရန်၊ သက်ကြီးရွယ်အိုများကို ထမင်းဟင်းမချက်ခိုင်းဖို့၊ လေပြင်းတိုက်ခတ်ချိန်မှာ မီးကိုငြိမ်းသတ်ထားဖို့နှင့် ချက်ပြုတ်ပြီးချိန်တွင် မီးကိုစနစ်တကျ ငြိမ်းသတ်ရန်တို့ကို အသိပညာပေးနိုးဆော်ပေးလျက်ရှိကြောင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး အနေဖြင့် အဓိကကျတဲ့လုပ်ငန်းဖြစ်ကြောင်း ရပ်ကွက်၊ကျေးရွာအတွင်းတစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးကို စစ်ဆေးပေးပြီးနိုးဆော်ပေးတဲ့အတိုင်း ပြည်သူများမှ လိုက်နာမှုရှိ/မရှိ စစ်
ဆေးပြီး အိမ်တစ်အိမ်ရဲ့ မီးသုံးစွဲမှု စနစ်ကျမှုရှိ/မရှိစစ်ဆေးပေးပြီး ဘုရားခန်း၊ ဧည့်ခန်း၊ အိပ်ခန်း၊မီးဖိုခန်းတို့ကိုစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ စစ်ဆေးတဲအချိန်မှာ ဟိုတယ်၊ မိုတယ်လုပ်ငန်းများနှင့် စက်ရုံအလုပ်ရုံများမှ ကုန်ထုတ်လုပ်ငန်းများကိုလည်း မီးဘေးလုံခြုံရေးရှိစေရန် စစ်ဆေးခြင်းတို့ဖြစ်ကြောင်းတို့ကိုရှင်းလင်းပြောကြားပါသည်။ မီးငြိမ်း
သတ်ရေးလုပ်ငန်းကိုတော့ မီးသတ်ဝန်ထမ်းများမှ မလုပ်ချင်သောလုပ်ငန်းတစ်ခုဖြစ်ကြောင်း ဒါကြောင့် ပြည်သူများအနေဖြင့် မီးသတ်ဦးစီးဌာနမှ အသိပညာပေးနှိုးဆော်ထုတ်ပြန်ခြင်းများကို စနစ်တကျလိုက်နာဆောင်ရွက်ကြလျှင် မီးဘေးအန္တရာယ်မှကင်းဝေးနိုင်ကြမှာဖြစ်ကြောင်းတို့ကို အကျယ်တဝင့်ရှင်းပြောကြားပေးခဲ့ကြောင်းသိရသည်။
အောင်နိုင် (ပြန်/ဆက်)