မုဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ ၉၂၂၃၃ ဦးရှိပြီးဖြစ်

မုဒုံ     ဇန်နဝါရီ      ၁၄

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီ ၁၃ ရက်နေ့အထိ လူဦးရေ ၉၂၂၃၃ ဦးအား အကြိမ်ပြည့်ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မုဒုံမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်စုရပ်နေရာ ၁၃ နေရာတွင် ထိုးနှံပေးလျက်ရှိရာ Covi Shield ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးသူ ၄၃၆၇ ဦး Sinovac ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးသူ ၈၇၈၆၆ ဦးဖြစ်ကြောင်း၊ ဆေးခွဲတမ်းရရှိမှုပေါ်မူတည်၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့အပြင် မြို့နယ်အတွင်း၌ ကိုဗစ်- ၁၉ မျိုးကွဲဗီဇပြောင်း အိုမီခရွန်ရောဂါအား မိမိတို့ ပတ်ဝန်းကျင်နှင့် မိသားစုအတွင်း အပြည့်အဝကာကွယ်မှုပြုနိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးအား နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မပျက်မကွက် လာရောက်ထိုးနှံကြပါရန် အသိပညာပေးနှိုးဆော်ထားကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)