ကလေး ဇန်နဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကလေး မြို့နယ်၊ လူမှုဖူလုံရေးအဖွဲ့တို့ ပူးပေါင်းပြီး လူမှုဖူလုံရေးလုပ်ငန်းအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ဇန်နဝါရီလ ၁၄ ရက်၊ နံနက် ၁၀ နာရီက ကလေးမြို့၊ လူထု အခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show တွင် ကလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ခရိုင်ဦးစီးမှူးဦးတွာလ်ဆွင်းဗန်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး ကလေးမြို့နယ် လူမှုဖူလုံရေးအဖွဲ့မှ မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်လွင်က လူမှုဖူလုံ ရေးလုပ်ငန်းမှ ဆောင်ရွက်ပေးနေသည့် အာမခံစနစ်ခြောက်မျိုးကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရ သည်။
(ခရိုင်ပြန်/ဆက်)