ခေါဇာမြို့တွင် စာရေးဆရာမြင့်‌ကျော် (သိကြားတန်း) ၏“ခယောင်းလမ်းမှသည် ပန်းလွင်ပြင်ဆီသို့”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ခေါဇာ   ဇန်နဝါရီ  ၁၄
                      

မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ ခေါဇာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀နာရီခွဲက စာရေးဆရာမြင့်‌ကျော်(သိကြားတန်း)    “ခယောင်းလမ်းမှသည် ပန်းလွင်ပြင်ဆီသို့စာအုပ် ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သဲစုအောင် က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး၊ရည်ရွယ်ချက်များနှင့် စာအုပ်၏ အမှာစာကို ဖတ်ကြားပြီး (Book Club)အဖွဲ့ဝင် ဒေါ်လှတင်က စာအုပ်ခေါင်းစဉ်နှင့် ပတ်သက်၍ လည်ကောင်း၊  (Women Club)အဖွဲ့ဝင် ဒေါ်အေးမွန်က စာအုပ်တွင်ပါရှိသော ခေါင်းစဉ်များ နှင့်ပတ်သက်၍ ခြုံငုံဆွေးနွေးခြင်း၊ (စာပေဝါသနာရှင်)ဒေါ်ထွေးကြည်က စာအုပ်တွင်ပါရှိ သောထာဝရကျေးဇူးရှင်(သို့မဟုတ်)အရေးကြီးတော့ သွေးနီးကြပြီအခန်းကိုလည်ကောင်း (စာပေဝါသနာရှင်မမိုးအိနန္ဒာကိုက ပြိုဆင်းရသော မျက်ရည်ပူများအခန်းကိုလည်း ကောင်း အသီးသီး ဆွေးနွေးခဲ့ကြရာ တက်ရောက် လာသူများမှစာအုပ်၏ အနှစ်သာရများနှင့် လေ့လာမှတ်သားစရာများကို ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်းအားဖြင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့ အကြုံများ၊ အသိပညာတို့ ကိုရရှိသည့်အပြင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။


ခေါဇာ(ပြန်/ဆက်)