ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အခြေခံသမဝါယမအသင်းများသို့ China Exim Bank မှ ချေးငွေများအားပြန်လည်ကောက်ခံ

ပုဏ္ဏားကျွန်း ဇန်နဝါရီ ၁၄

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အခြေခံသမဝါယမအသင်း(၆၄)သင်းသို့ ထုတ်ချေးထားသော Chna Exim Bank မှ အသေးစားချေးငွေများအား မြို့နယ်သမဝါယမဦးစီးဌာနနှင့်မြို့နယ်သမဝါယမအသင်းစုတို့ ပူးပေါင်း၍ ယမန်နေ့ကစပြီးကွင်းဆင်း ကောက်ခံလျက်ရှိကြောင်းသိရသည်။

ထိုသို့ကောက်ခံရာတွင် အခြေခံသမဝါယမ(၆၄)သင်းသို့ China Exim Bank မှ အခြေခံသမဝါယမအသင်းသူ/အသင်းသားများ အသေးစားငွေစု/ငွေချေးစနစ် အောင်မြင်စွာလည်ပတ်နိုင်ရေးအတွက် (၁၀)နှစ်သက်တမ်းဖြင့် အရင်းအနှီးချေးငွေအဖြစ် အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးထားလျက်ရှိရာ ယခုအခါ ပြန်လည်ပေးဆပ်နိုင်ရေး မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသာထွန်းအေး ဦးဆောင်သော ဝန်ထမ်းများနှင့်မြို့နယ်သမဝါယမအသင်းတို့ ပူးပေါင်းပြီး၊ ကျေပေးဆပ်နိုင်ရေးအတွက် ကွင်းဆင်း ကောက်ခံလျက်ရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အခြေခံသမဝါယမအသင်း(၆၄)သင်းသို့ China Exim Bank မှ ထုတ်ချေးထားသော ငွေကျပ် (၁၂၄၂,၅၃၆၈၇)သိန်းအား အတိုးအရင်းအကျေ ကွင်းဆင်းကောက်ခံလျက်ရှိကြောင်းသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)