တာမွေမြို့နယ်တွင် ဖယောင်းတိုင်မီးထွန်းထားရာမှ မီးလောင်မှုဖြစ်ပွား
Jan 27,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက် (၁၅၅)လမ်း အမှတ်(၈၅)ရှိ အကျယ်အဝန်း(၂၀×၄၀)ပေ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း(၂)ထပ်အမျိုးအစား နေအိမ်အပေါ်ထပ်တွင် ဇန်နဝါရီလ(၂၇)ရက်နေ့ နံနက်(၁)နာရီ (၄၅)မိနစ်အချိန်က ကော်အဝတ်ပုံးပေါ် ဖယောင်းတိုင်မီးထွန်းထားရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။