တာမွေ ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက် (၁၅၅)လမ်း အမှတ်(၈၅)ရှိ အကျယ်အဝန်း(၂၀×၄၀)ပေ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း(၂)ထပ်အမျိုးအစား နေအိမ်အပေါ်ထပ်တွင် ဇန်နဝါရီလ(၂၇)ရက်နေ့ နံနက်(၁)နာရီ (၄၅)မိနစ်အချိန်က ကော်အဝတ်ပုံးပေါ် ဖယောင်းတိုင်မီးထွန်းထားရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာသို့ မီးငြှိမ်းသတ်ယာဉ်(၇)စီး၊ ရေသယ်ယာဉ်(၂)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၆၁)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၆)ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက်(၂)နာရီ(၃)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် (၂၀×၄၀)ပေ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း အဆောက်အဦ၏ အပေါ်ထပ်၊ အခန်းအတွင်းရှိ အဝတ်အစားအနည်းငယ်နှင့် လူသုံးကုန်ပစ္စည်းတစ်ချို့တို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ အိမ်ပိုင်ရှင်ဒေါ်တင်တင်လှိုင်အား တာမွေမြို့မရဲစခန်းမှ (ပ) ၃၁/ ၂၀၂၅ / ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)