မြိုင်မြို့ယာယီပျံကျဈေးအနီးတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိ

မြိုင် ဇန်နဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုတ်မြှင့် ဆောင်ရွက်လျက်ရှိရာ အသံချဲ့စက်ဖြင့် အသိပညာပေးခြင်းကို မြို့နယ်ယာယီဈေးအနီးတွင် နေ့စဉ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြိုင်မြို့နယ်တွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ် များအား မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်း၍ အသံချဲ့စက်ဖြင့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းစသည့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်ယာယီဈေးအနီးတွင် အသံချဲ့စက်ဖြင့် အသိပညာပေးခြင်း လုပ်ငန်းဖြစ်သည့် ဈေးဝယ်လာသူ မိဘပြည်သူများ အနေဖြင့် Masks စနစ်တကျ တပ်ဆင်ရေး၊ Masksတပ်ဆင်ထားသည့် ဈေးရောင်းသူများ ထံတွင်သာ ဝယ်ယူရေးနှင့် လက်ကိုမကြာခဏ ဆေးကြောနိုင်ရေးစသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို နေ့စဉ်အသိပညာပေးနှိုးဆော် လျက်ရှိကြောင်း သိရသည်။

သူရ(ပုံတောင်)