သီပေါ ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ယမန်နေ့က ကိုဗစ်−၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ မတွေ့ရှိရကြောင်းနှင့်ရောဂါပိုးတွေ့မှုနှုန်း သိသိသာသာလျော့နည်း လာလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ဇန်နဝါရီလ ၁၈ရက်နေ့က သီပေါမြို့နယ် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် Positive လူနာများ နှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာသူများ(၂)ဦးအား RDT Test Kit ဖြင့် ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ယနေ့နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာပေါင်း (၁၇၅၀) ဦးရှိပြီး၊ သေဆုံးသူ (၁၀၁) ဦးဖြစ်ကြောင်းနှင့် လက်ရှိမြို့နယ် ပြည်သူ့ဆေးရုံ ၌ ဆေးကုသမှုခံယူနေသူ (၁) ဦးသာ ကျန်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)