အုတ်ဖိုမြို့နယ်တွင် အသား၊ ငါးများ ရည်ညွှန်းစျေးနှုန်းနှင့်အညီ ရောင်းချရေး ကွင်းဆင်းစစ်ဆေး

အုတ်ဖို ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် အသား၊ ငါးများ ရောင်းချလျက်ရှိသော အရောင်းဆိုင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်ဦးဆောင်မှုဖြင့် မြို့နယ်ကုန်စျေးနှုန်းကြီးကြပ်မှုကော်မတီမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါစစ်ဆေးမှုတွင် ဝက်သား၊ ကြက်သား၊ အမဲသား၊ ငါးနှင့် ဟင်းသီးဟင်းရွက် ရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချမှုရှိမရှိ၊ အလေးချိန်မှန်ကန်မှုရှိမရှိ၊ ပိသာချိန်များကို ပြည်သူများထံ အမှန်တကယ်ရောင်းချမှု ရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်သူ (အုတ်ဖို)