ဇမ္ဗူသီရိ ဇန်နဝါရီ ၂၃
နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ဦးဆောင်၍ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် Wisdom Hill Private School ခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် နေပြည်တော် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေအသိပညာပေးကို တရားမျှတရေးစင်တာမှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြော ခြင်းကို စာရေးဆရာမသက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)မှ ဟောပြောပို့ချခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်နှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)