ညောင်တုန်း ဇန်နဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူလေးများ ဥာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာ ပျော်ရွှင်စေရန်ရည်ရွယ်၍ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပွဲနှင့် အားကစားပြိုင်ပွဲများကိုကျင်းပခြင်းဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်ကြသည့်ကျောင်းသား၊ ကျောင်းသူလေးများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်တင်တင်လှိုင်က အမှတ်တရ ဆုလက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်