ကော့ကရိတ် ဇန်နဝါရီ ၂၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများအား မြို့နယ်ပညာရေးမှူး ဒေါ်ရီရီခိုင်နှင့် တာဝန်ရှိသူများ၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိဆရာ/ဆရာမများ ကြီးကြပ်၍ အခြေခံပညာအထက်တန်း/ အလယ်တန်း/ မူလတန်းကျောင်းများမှ ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်ကြပြီး စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် (၄)ဦး၊ အလယ်တန်းဆင့်(၆)ဦး၊ မူလတန်းအဆင့်(၁၀)ဦး၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့် (၅)ဦး၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့် (၄)ဦး၊ အလယ်တန်းအဆင့် (၁၄)ဦး၊ မူလတန်းအဆင့်(၉)ဦး၊ ကျပန်းစကားပြောပြိုင်ပွဲတွင် အထက်တန်းအဆင့်(၃)ဦး၊ စုစုပေါင်း ပြိုင်ပွဲဝင် (၅၅) ဦးရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)