စစ်ကိုင်း ဇန်နဝါရီ ၂၇
စစ်ကိုင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှကြီးမှူး၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း(၁/၂၀၂၅)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးတိုးဝေက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မိမိကျော်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဇန်နဝါရီ(၂၇)ရက်နေ့မှ ဖေဖော်ဝါရိလ(၇)ရက်နေ့အထိ (၁၂)ရက်ကြာ ဖွင့်လှစ်ပို့ချ ပေးသွားမှာဖြစ်ပြီး သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၁၆)ဦး တက်ရောက်ခဲ့ကြကာ ဘာသာရပ်များအဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဥပဒေ၊ နည်းဥဒေ၊ လုပ်ထုံးလုပ်နည်း မူဝါဒများ၊ ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့်လိုက်လျောညီထွေနေထိုင်ရေး၊ အိုဇုန်းလွှာနှင့်ခရမ်းလွန်ရောင်ခြည်အကြောင်း၊ အစိမ်းရောင်စီးပွားရေးအကြောင်း၊ ဂေဟစနစ်နှင့်ဇီဝမျိုးကွဲများအကြောင်း၊ မီးခိုမြူငွေ့ ညစ်ညမ်းမှုနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့အကြောင်းတို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်