ငပုတောမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကျင်းပ

ငပုတော ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင်  (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုချစ်ကြည်ရေး အသက် ၁၅ နှစ်‌အောက် ဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက အခြေခံသပညာအထက်တန်းကျောင်း ကံချိုင် ဘောလုံးကွင်းဝန်းအတွင်း  ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးဖြိုးရာဇာဦးက ခေတ်ကိုမြတ်ချေမပြတ်စေဘဲ အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးနှင့် ကိုယ့်ကာယကြံ့ခိုင်မှုရှိစေရေး၊ ကျန်းမားသန်စွမ်းပြီး ထူးချွန်ထက်မြတ်သော အားကစားသမားကောင်းများ ပေါ်ထွန်လာစေရေးတို့အတွက် ယခုလိုပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။ ဆက်လက်ပြီး ခြေစမ်းပွဲစဥ် (အ.ထ.က) ဟိုင်းကြီးအသင်းနှင့် (အ.ထ.က) ကံချိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)