ပဲခူးမြို့၌ ကိုဗစ်-၁၉ဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်နိုင်ရေးအသိပညာပေးနှိုးဆော်
Jan 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးရေးအတွက် ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်က ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်များ သို့ လှည့်လည်အသိပညာပေး နှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။