ဓနုဖြူ ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ သတင်းထုတ်ပြန်ချက်များအား အိမ်ဆိုင်ခန်းများ၊ ဈေးဆိုင်ခန်းများအား အများပြည်သူ သိရှိလိုက်နာ ကြစေရန်သတင်း ထုတ်ပြန်ချက်ပါလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းနှင့် ဈေးရောင်းချ သူများအား သိရှိကြောင်း ဝန်ခံလက်မှတ်ရေးထိုးစေခြင်းကို ယနေ့နံနက်ပိုင်းက အသိပေး ဆောင်ရွက်ခဲ့သည်။
ယင်းသို့ အသိပေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက လက်ဘက်ရည်ဆိုင်များ၊ ကုန်စုံ ဆိုင်များ ၊ စတိုးဆိုင်များ၊ ဆေးဆိုင်များ၊ လုပ်ငန်းရှင်များအားသတင်းထုတ်ပြန်ချက်အပေါ် သိရှိလိုက်နာကြစေရေးလက်ကမ်း စာစောင်ဖြန့်ဝေခြင်းနှင့် သိရှိပြီးကြောင်း လက်မှတ် ရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)