မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ရောဂါ၏ ဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်ရောဂါ)ပိုး ကူးစက်မှုမှ ကာကွယ်နိုင်ရန် အသိပညာပေးနှိုးဆော်

မိုင်းပျဉ်း  ဇန်နဝါရီ  ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ၏ ဗီဇပြောင်းမျိုးကွဲ တစ်မျိုး ဖြစ်သည့် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ဆက်လက် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရန် တတ်နိုင်သမျှ မိမိအိမ်၌သာနေရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင် လက်မခံကြရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာမှ နေထိုင်ပြောဆိုကြရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်းများ ရှောင်ကြဉ် ကြရန်နှင့် ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်၍ ဆေးကုသမှုခံယူကြပါရန် စသည့် အချက်များကို အသိပညာပေး နှိုးဆော် ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ရုံးအနေဖြင့်လည်း အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို လူစည်ကားရာနေရာများတွင်သာမက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့လည်း သွားရောက်၍ အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်သန္တာအောင်(ပြန်/ဆက်)