ကျောက်တော် ဇန်နဝါရီ ၂၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ကစ္ဆပနဒီခန်းမအတွင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသည့် တောင်မူဇီကျေး ရွာအုပ်စုရှိ တိုင်းရင်းသားပြည်သူများကို ယနေ့ နံနက် ၈ နာရီ အချိန်က အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ကျေးလက်နေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဖုန်းနိုင်နှင့် ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးလျက်ရှိရာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် ထုတ်ပေးခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ မေလ(၃) ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအထီ (၁၈)လကြာဆောင်ရွက်ပေးလျက်ရှိရာ ရပ်ကွက်/ကျေးရွာများပါမကျန် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ပန်းခင်းစီမံချက်ဖြင့် ကျောက်တော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” ဆောင်ပုဒ်အတိုင်း ပန်းခင်းစီမံချက်ဖြင့် ကျေးလက်နေပြည်သူများအား နိုင်-၃(က) အသစ်ပြုလုပ်ပေးခြင်း၊ နိုင်-၆(က) အသစ်ပြုလုပ်ခြင်းနှင့် သွေးအုပ်စုများစစ်ဆေး ဆောင်ရွက်သတ်မှတ်ပေးခြင်းများအား ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း(ကျောက်တော်၊ ပြန်/ဆက်)