မင်းပြားမြို့နယ် စွန်ရဲကျေးရွာ၌ အဓိဌာန်ဆရာတော် ဘုရားကြီးမှူး၍ နှစ်ထပ်တိုက်နယ် ဆေးရုံဆောက်လုပ်လှူဒါန်း
Feb 01,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် စွန်ရဲအုပ်စု၊ စွန်ရဲကျေးရွာသည် မင်းပြား၊ ပေါက်တော ကားလမ်းပေါ်တွင် တည်ရှိပြီး ကမ္ဘာဗုဒ္ဓသာသနာပြု ကျေးဇူးတော် ရှင်မဟာဇေယျ သိဒိ္ဓအဓိဌာန် ဆရာတော်ဘုရားကြီးက ဦးဆောင်ကြီးမှူး၍ ပြည်တွင်းပြည်ပ အလှူရှင်များနှင့် ပူးပေါင်းကာနှစ်ထပ် တိုက်နယ်ဆေးရုံကို ရိုးမအာရုဏ်ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်မည်ဖြစ်ပြီး အတိုင်းအတာမှာ အလျှား(၁၃၅)ပေ၊ အနံ(၅၆)ပေရှိ နှစ်ထပ်တိုက်နယ် ဆေးရုံသစ် ရတနာအုဋ်မြတ်စီ မဂ်လာအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်သည်။