ပဲခူးမြို့၌ ကိုဗစ်-၁၉ဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်နိုင်ရေးအသိပညာပေးနှိုးဆော်

ပဲခူး    ဇန်နဝါရီ   ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးရေးအတွက် ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်က ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်များ သို့ လှည့်လည်အသိပညာပေး နှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။

ထိုသို့လှည့်လည်အသိပညာပေးနှိုးဆော်ရာတွင် လက်ရှိအခြေအနေ၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါသည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှုအများဆုံးနှင့် စိုးရိမ်ရ သည့် မျိုး ကွဲ ဖြစ်သည့်အတွက် ပဲခူးမြို့ပေါ်ရှိ မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိ နေအိမ် အတွင်းမှာသာနေထိုင်ကြရန်၊ လူစုလူဝေးကိုရှောင်ကြဉ်ကြရန်၊ မဖြစ်မနေအပြင်ထွက် ရပါက နှာခေါင်းစည်း (Mask)စနစ်တကျတပ်ဆင်သွားကြရန်၊ တစ်ဦးနှင့် တစ်ဦးတတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး ()ပေ အကွာမှသာ နေထိုင်ပြောဆိုကြရန်၊ လက်တွင် ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကိုပျက်စီးစေရန်အတွက် လက်ကိုဆပ်ပြာနှင့် ရေ အသုံးပြု၍ အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် ဆေးကြောကြရန်၊ မိမိနေအိမ်တွင် ပြင်ပမှ လာသော ဧည့်သည်များ လက်မခံပါရန်၊ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုရန်၊ လူစု လူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းရှောင်ကြရန်၊ မိမိတို့နေအိမ်များကို ပြတင်း တံခါးများဖွင့်ပြီး လေဝင်လေထွက်ကောင်း‌အောင် ပြုလုပ်ရန်စသည့် လိုက်နာရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့် အချက် များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက် စေရန် မြို့ပေါ်လူစည်ကားရာ နေရာများ၊ စျေးများနှင့် လမ်းဆုံလမ်းခွများတွင် အသိပေးနှိုးဆော် ကြေညာလျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)