ဘားအံ ဇန်နဝါရီ ၂၇
ကရင်ပြည်နယ်၊ ဘားအံမြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်း သာယာလှ ပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ဘားအံမြို့ အမှတ်(၁)ရပ်ကွက်၊ ပဒုမ္မာလမ်း၌ အုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းကို မြို့စည်ပင် သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အောက်တို ဘာလ ၂၀ ရက်နေ့မှ စတင် ဆောင်ရွက်လျက် ရှိရာ ယနေ့အထိ လုပ်ငန်းဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ မြို့သာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်း အင်ဂျင်နီယာ-၂ ဦးအောင်မြင့်သောင်းမှ အနီးကပ်ကြီးကြပ်၍ အရှည် (၁၀၈၂)ပေ၊ အကျယ်(၃)ပေနှင့် ထုထည်အမြင့် (၄) ပေရှိသော ပဒုမ္မာလမ်းနံဘေး အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၇၄.၁၀) သန်းဖြင့် အောက်တိုဘာလမှစတင်၍ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ပြည့်မီရေးအတွက် အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ယခင်ကထက် ရေမြောင်းများ ရေစီးရေလာကောင်းမွန်ပြီး မြို့သန့်ရှင်းသာယာ လှပသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ လက်ထောက်အင်ဂျင်နီယာ ဦးကျော်လင်းထံမှ သိရှိရသည်။
စောဂျိုးဇက်ဂျူး (ပြန်/ဆက်)