တွံတေး ဖေဖော်ဝါရီ ၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၌ “ပန်းခင်း” စီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လုပ်ငန်းလမ်းညွှန်ဖြစ်သည့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ အိုးဖိုအနောက်ရပ်ကွက်ဓမ္မာရုံ၌ ယနေ့နံနက် ၉နာရီက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန့်ကြားရေး ဦးမိုးဆက်က ပန်းခင်းစီမံချက် အကြောင်းပြောကြားရာတွင် လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိ ဇာတိတွင်အမြဲနေထိုင်၍ အိမ်ထောင်စုစာရင်းမရှိ၊ ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက် ပေးခြင်း၊ ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိသူနှင့် လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း စသည့်အချက်လေးချက်ဖြင့် ဖော်ပြပါရှိကြောင်း သိရသည်။
ထို့နောက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်း များ ဆောင်ရွက်နေမှုကို ခရိုင်စီမံအုပ်လျုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ဦးသက်နိုင်ထွန်း၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန့်ကြားရေးမှူး ဦးမိုးဆက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးဇာနည်မောင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၉ နာရီက ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နေပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များကို မြိုနယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တွံတေးသား