တောင်သာမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏နှစ်ပတ်လည်နေ့ ကြိုဆိုထောက်ခံပွဲနှင့် မြန်မာ့တပ်မတော် လူထုထောက်ခံပွဲကျင်းပ

တောင်သာ ဖေဖော်ဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊တောင်သာမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်ပတ်လည်နေ့ ကြိုဆိုထောက်ခံပွဲနှင့် မြန်မာ့တပ်မတော် လူထုထောက်ခံပွဲကျင်းပွဲကို ယနေ့နံနက်(၁၀) နာရီက အမှတ်(၂)ရပ်ကွက် အတွင်းရှိ မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ခံပွဲကို တောင်သာမြို့နယ်နေ တပ်မတော်ကို လိုလားသော အမျိုးသားရေး အင်အားစုလူအင်အား (၃၀၀)ခန့်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကြီး ကျန်းမာပါစေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်နှင့် ဆောင်ရွက်လျက်ရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်ပတ်လည်နေ့ ကြိုဆို ထောက်ခံကြောင်းနှင့် မြန်မာ့တပ်မတော်အား ပိုစတာများကိုင်ဆောင်ပြီး ပြည်သူ့အားကစားကွင်းမှ တောင်သာ မြင်းခြံလမ်းမကြီးအတိုင်း မြို့နယ်နာရီသို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခဲ့ပြီး ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ (၁၁)နာရီခွဲအချိန်တွင် လူစုခွဲ၍ကျင်းပခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)