ဝက်လက် ဖေဖော်ဝါရီ ၁
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမတွင် ယမန်နေ့ က အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဖွဲ့စည်ရန်း ညှိနှိုင်း အစည်းဝေး ကျင်းပပြုလုပ် ကြောင်းသိရသည်။
အရန် မီးသတ်တပ်ဖွဲ့ဝင်များ ဖွဲ့စည်းရန် ညှီနှိုင်းအစည်းဝေးတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လှိုင်က အဖွင့်အမှာစကား ပြောကြားပြီးနောက်၊ မီးသတ် ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်နိန် က အရန်မီးသတ် တပ်ဖွဲ့ဝင်များ ဖွဲ့စည်နိုင်ရေး အသေးစိတ် ရှင်းလင်း ပြောကြားသည်။
အဆိုပါ အရန်မီးသတ် တပ်ဖွဲ့ဝင်များ ဖွဲ့စည်းရန် ညှီနှိုင်းအစည်းဝေးပွဲတွင် တက်ရောက်လာသော ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များ မေးမြန်းကြာရာ မြို့နယ်မီးသတ် ဦးစီးမှူးက ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေး ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)