မလှိုင်မြို့နယ်တွင် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်

မလှိုင်    ဖေဖော်ဝါရီ  ၂

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများအဖြစ် ပြည်သူဆေးရုံတွင် ဆေးကုသ မှု ခံယူနေသော လူနာများအား အာဟာရဒါနသွားရောက်လှူဒါန်းခြင်း၊  မလှိုင်ရွှေမုဋ္ဌော ဘုရားပရဝဏ် အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ညနေပိုင်းတွင် အိုမီခရွန်ရောဂါ ကာကွယ်‌ရေးအတွက် Mask များ ဖြန့်ဝေခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါနေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဉက္ကဋ္ဌ ဗိုလ်မှူးဌေးသန်း၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထိန်လင်းမောင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် မြို့နယ်မီးသတ်ဦးစီးမှူးတို့ ဦးဆောင်၍    နံနက်၇ နာရီ ခွဲအချိန်တွင် မလှိုင်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်၍ ဆေးကုသမှု ခံယူနေသောလူနာများအား အာဟာရဒါနအဖြစ် ပဲနို့နှင့် စားသောက်ဖွယ်ရာများကို သွားရောက် လှူဒါန်းခဲ့ကြသည်။

ထို့နောက် နံနက် ၁ဝ နာရီ ခွဲ အချိန်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ၊ ထွေ/အုပ် စာရေးဝန်ထမ်းများ စုပေါင်း၍ ရွှေမုဋ္ဌောဘုရားဝင်း အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ကြသည်။  ယင်းနောက် ညနေ ၃နာရီ အချိန်တွင်   မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ ဉက္ကဋ္ဌ ဗိုလ်မှူးဌေးသန်းနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်နှင့် ဝန်ထမ်း များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထိန်လင်းမောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊  မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ပြန်/ဆက်၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ လူစည်ကားရာနေရာများ ဖြစ်သည့်  မြို့လည် လေးတိုင်စင်လမ်းဆုံနှင့် ထွေ/အုပ် ရုံးရှေ့လမ်းပေါ်တွင်  အိုမီခရွန် ရောဂါကာကွယ်‌ရေး အတွက် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ Mask များ အခမဲ့ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အောင်ဌေး(မလှိုင် )