နတ်မောက်မြို့၌ ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြော

နတ်မောက် ဇန်နဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ အသက် (၁) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဆရာမ ဒေါ်ခင်မာကြည်က Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအကြောင်း သိကောင်းစရာများကို တက်ရောက်လာကြသည့် ကလးမိခင်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျန်းမာရေးဆရာမများက အသက် (၁) နှစ်မှ (၅) နှစ်အရွယ်ကလေးငယ်များကို ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးနှင့် ပိုလီယိုရောဂါကာကွယ်ဆေးများအား ထိုးနှံတိုက်ကျွေးပေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

လှဝင်း