မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာစံပြကျေးရွာ၌ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ သစ်တောဦးစီးဌာနမှပြုလုပ်သော ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာစံပြကျေးရွာ၊ ဘုရားကြီးဘုန်းကြီးကျောင်းဝင်းဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အင်းစိန်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဉီးစီးအရာရှိဉီးဇော်ထွန်းနိုင်က မီးခိုး/မြူငွှေ့နှင့်လေထုညစ်ညမ်းမှုဖြစ်ပေါ်ရသည့်အကြောင်းအရင်းများ၊ ဆိုးကျိုးများနှင့်ဖြစ်ပေါ်လာစေနိုင်သောရောဂါများ၊ လူသားများနှင့်ပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှုနှင့် ရာသီဥတုပြောင်းလဲမှုလျှော့နည်းစေရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကိုဟောပြောခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဦးစီးအရာရှိက မေးမြန်းချက်များအပေါ်ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အင်းစိန်မြို့နယ်၊ သစ်တောဦးစီးဌာနမှဉီးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ရွှေနံ့သာစံပြကျေးရွာမှ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)