ပခုက္ကူ ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တစ်နှစ်တာကာလအတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များအား စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
လေလံတင်ရောင်းချပွဲတွင် ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်နိုင်လင်းက လုပ်ငန်းလိုင်စင်များနှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တစ်နှစ်တာကာလအတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် ၅၇ ခုမှ လုပ်ငန်းလိုင်စင် ၇ ခုအား စီးပွားရေးလုပ်ငန်းရှင်များက စျေးပြိုင်လေလံစနစ်ဖြင့် ယှဉ်ပြိုင်ဝယ်ယူခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)