နတ်မောက် ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၊ တာဝန်ခံအင်ဂျင်နီယာနှင့် ဈေးတာဝန်တို့မှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းတွင် မြို့မဈေးအတွင်း/အပြင်ရှိ ဆိုင်ခန်းရှင်များအနေဖြင့် မိမိဆိုင်ခန်းရှေ့မျက်နှာစာနေရာများတွင် တည်ခင်းရောင်းချရန်နှင့် ကျူးကျော်၍ ရောင်းချခြင်းရှိ/မရှိ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ပျံကျဈေးသည်များအား စနစ်တကျရောင်းချနိုင်ရန် သတ်မှတ်ပေးထားသည့် နေရာများ စီစဉ်ထားရှိမှုအခြေအနေနှင့် ရောင်းချနေမှုအခြေအနေများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၏ မြို့မဈေးကြီးအတွင်း သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊ အများသုံးသန့်စင်ခန်းတွင် အနံ့ဆိုးများမရှိစေရေး ဆောင်ရွက်ထားရှိမှု၊ ဈေးအတွင်း၌ ဈေးရောင်းဈေးဝယ်မိဘပြည်သူများအနေဖြင့် သတ်မှတ်ထားသည့် ဆိုင်ခန်းနေရာများတွင် ခင်းကျင်းထားရှိမှုအခြေအနေ၊ အမှိုက်စွန့်ပစ်မှုအခြေအနေများနှင့် အမဲ၊ ဝက်၊ ဆိတ်စားသုံးသူ မိဘပြည်သူများအတွက် သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်း ရောင်းချခြင်း မရှိ/မရှိ အခြေအနေများကို စည်ပင်သာယာရေးကော်မတီဝင်များ၊ အမှုဆောင်အရာရှိ၊ ဈေးတာဝန်ခံ၊ အဖွဲ့ဝန်ထမ်းများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။
မူမူစန်း