ပြင်ဦးလွင်‌ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြင်ဦးလွင် ဇန်နဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ‌ကျေးလက်ဒေသများ၏ စိတ်ဝင်စားဖွယ်ရာ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ ပတ်ဝန်းကျင်ရေမြေတောတောင် သဘာဝရှုခင်းများတွင် အပန်းဖြေလေ့လာခြင်းများကို ခရီးသွားများပိုမိုစိတ်ဝင်တစား လာရောက်လည်ပတ်စေရန်အတွက် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလှုပ်ရှားမှု တစ်ရပ်အဖြစ်ရည်ရွယ်၍  ပြင်ဦးလွင်ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ် ကျင်းပရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

ရှေးဦးစွာ  ပြင်ဦးလွင်‌ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ်အတွက် လုပ်ငန်းစီမံချက်‌ရေးဆွဲထားရှိမှု အခြေအနေအား တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မျိုးလတ်မှ ရှင်းလင်းဆွေးနွေးပြီး အစည်းအဝေးတက်ရောက်လာသူများမှ လုပ်ငန်းကော်မတီများအလိုက် အသီးသီး ဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး   ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦးမှ  ပြင်ဦးလွင်မြို့တွင်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ပြည်တွင်းခရီးသွား လုပ်ငန်းမြှင့်တင်မှုတစ်ရပ်အဖြစ်ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ်အား အလေးထားဆောင်ရွက်ခြင်းဖြင့်မြို့နှင့် ကျေးလက်ဒေသများသို့ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များကို ပိုမိုစိတ်ဝင်စားလာရောက် လည်ပတ်လာစေခြင်း၊ ခရီးသွားလုပ်ငန်းမှတဆင့် ဒေသခံများဝင်ငွေရရှိလာစေခြင်းစသည့် ခရီးသွားလုပ်ငန်း အကျိုးကျေးဇူးများကို မိမိတို့ဒေသခံပြည်သူများ ရရှိခံစားကြရမည်ဖြစ်၍ စီမံချက်ပါကော်မတီများမှ မိမိတို့ကဏ္ဍအလိုက်တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွား ကြရန်ဖြစ်ပါကြောင်း‌ ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)