ကလိန်အောင် ဇန်နဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၃) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားကို ကလိန်အောင်မြို့ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဝင်းဗိုလ်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး Grade(11)မှ ကျောင်းသား၊ ကျောင်းသူများက အနာဂတ်ရဲ့ လူရည်မွန် တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ပြီးနောက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို အဖွင့်အမှာ စကားပြောကြားပြီး ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးဝင်းဇော်မှ အမှာစကား ပြောကြားသည်။
ဆက်လက်၍ ၂၀၂၄ ပညာသင်နှစ်တွင် ပညာရည် ချွန်ဆု၊ ကာယစွမ်းရည်၊ ဉာဏစွမ်းရည်နှင့် အားက စားထူးချွန်ဆု ရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများကို နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းဗိုလ်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းတာဝန်ရှိသူများက အသီးသီး ဆုများပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက လမ်းပြကြယ် တေးသီချင်းနှင့် အကပဒေသများဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ကလိန်အောင်မြို့ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဝင်းဗိုလ်၊ အမှတ် (၁၀)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ထားဝယ်)မှ ရဲအုပ် မင်းခိုင်၊ သစ်တောဦးစီးဌာနမှ တာဝန်ခံဘိနယ် ဦးထက်လင်းဦးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်မှူးများ၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း(၃၈၀)ဦးခန့်တက်ရောက်ကြကြောင်း သိရသည်။
ခင်ခင်လဲ့ (ပြန်/ဆက်)