ရွှေဘိုသူနာပြုသင်တန်း​ကျောင်း၌မီးဘေးလုံခြုံရေး၊ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများဆောင်ရွက်

​ရွှေဘို ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနမှ မြို့နယ်တွင်းမီးဘေးလုံခြုံစေရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများကို ယမန်နေ့နံနက်ပိုင်းက ​ရွေဘိုသူနာပြုသင်တန်းကျောင်းတွင်ပြုလုပ်ခဲ့ရာ ခရိုင်မီးသတ်ဦးစီးမှူးဦး​အေးမြင့်၊ မြို့နယ်မီးသတ်ဦးစီးမှူးဦး​အောင်မြတ်တိုးနှင့် ဝန်ထမ်းများကမီးဘေးအသိ မီးဘေးသတိရှိစေရေး မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ပေးနေမှုနှင့် မီးငြှိမ်းသတ်ရေး ပစ္စည်းများအကြောင်းနှင့် အသုံးပြုပုံများ၊ ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းဆောင်ရွက်ရာတွင်အသုံးပြုသည့် ခေတ်မီစက်ကိရိယာပစ္စည်းများ အ‌ကြောင်းကိုရှင်းလင်းပြောကြားပြီး ပြသပေးခဲ့သည်။

ဆက်လက်ပြီးခရိုင်/မြို့နယ်မီးသတ်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ တပ်ဖွဲ့၀င် (၁၉) ဦး၊ သင်တန်းသား/သူလေးများက မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အောက်ဆီဂျင်ဖြတ်တောက်နည်း၊ မီးသတ်ရေပိုက်၊ မီးသတ်ဆေးဘူးတို့ဖြင့်လည်းကောင်း၊ ရေစိုအ၀တ်အသုံးပြုလျှက် ဆီနှင့်ဂက်စ်အိုးမီးငြှိမ်းသတ်ခြင်းတို့အပြင် အရေးပေါ်ရှာဖွေကယ်ဆယ် ရေးဆောင်ရွက်ပုံအဆင့်ဆင့်တို့တွင် သိရှိနားလည်ထားရန်အတွက် ပူးပေါင်းပါ၀င်ကာ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြ‌‌သည်။

ရွှေဘိုခရိုင် /မြို့နယ်မီးသတ်တပ်ဖွဲ့အနေဖြင့် ပူပြင်းခြောက်သွေ့သောရာသီတွင် မီးလောင်မှု မီးလန့်မှုမဖြစ်ပွားစေရေး ပြည်သူများ မီးဘေးအသိ မီးဘေးသတိရှိနေစေရေး မီးလောင်မှုဖြစ်ပွားပါက ထိရောက်လျင်မြန်စွာ ငြိမ်းသတ်နိုင်ရေးတို့အတွက် တစ်အိမ်တက်ဆင်း မီးသုံးစွဲမှုစစ်ဆေးခြင်း စက်ရုံ၊ အလုပ်ရုံ ၊စျေး၊ စက်သုံးဆီဆိုင် ဂက်စ်အရောင်းဆိုင်များ စားသောက်ဆိုင်များစစ်ဆေးအကြံပြုခြင်း ပြည်သူများမီးဘေးအသိ မီးဘေးသတိရှိနေစေရေးအတွက် လှည့်လှည်သတိပေးဆော်သြခြင်းများကို အရှိမ်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

အေးမြင့်စန်း

ခရိုင် (ပြန်/ဆက်)