မိုးညှင်း ဇန်နဝါရီ ၂၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မန္တလေးတိုင်း လက်ရွေးစင် ရွှေတံဆိပ်များ ဆုရှင်တို့မှ မြန်မာ့ရိုးရာဝိုင်းခြင်းအလှခတ်ကစားခြင်းနှင့် တပင်တိုင်ခြင်းလုံး အလှခတ်ကစားကြခြင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြက်ခင်းကွင်းပြင်၌ သရုပ်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ ခြင်းလုံးသရုပ်ပြသရာတွင် ကျောင်းသားကျောင်းသူများနှင့် လူငယ်လူရွယ်များအား မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းကို စိတ်ပါဝင်စားလာပြီး နိုင်ငံတော်မှ အားထားရသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ရိုးရာခြင်းလုံးအားကစားကို အလေးထား ချစ်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးမှ လက်ရွေးစင်ရွှေတံဆိပ်များဆုရှင်ဖြစ်သည့် မောင်မိုးမြင့်ထက်နှင့် မိုးညှင်းမြို့ မြန်မာ့ရိုးရာဝိုင်းခြင်း ဝါသနာရှင်များကလည်းကောင်း၊ မန္တလေးတိုင်းလက်ရွေးစင် ရွှေတံဆိပ်များဆုရှင် တပင်တိုင် ခြင်းသမားဖြစ်သည့် မမိုးမြင့်ကြယ်က မြန်မာ့ရိုးရာခြင်းလုံး အလှပြကွက်မျိုးစုံ စုစုပေါင်း (၁၂) ကွက်ဖြင့်လည်းကောင်း အလှသရုပ်ပြသကြရာ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများနှင့် တာဝန်ရှိသူများမှ စိတ်ဝင်တစား တစ်ခဲနက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း