ဟိုင်းကြီးကျွန်းမြို့၌ ဆောင်းသီးနှံနေကြာစိုက်ပျိုးဖြစ်ထွန်းနေမှုအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေး

ဟိုင်းကြီးကျွန်း ဇန်နဝါရီ  ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ပြည်သူများ စာသုံးဆီဖူလုံစေရေးနှင့် ဒေသခံတောင်သူများ စပါးအပြင်ဆီထွက်သီးနှံ စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိစေရေး ရည်ရွယ်၍ ဆောင်းသီးနှံနေကြာများ စိုက်ပျိုးထားရှိရာ အဆိုပါသီးနှံများ စိုက်ပျိုးဖြသ်ထွန်းနေမှု အခြေအနေအား ယမန်နေ့နံနက်(၀၉း၀၀)နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဟိုင်းကြီးကျွန်းမြို့၊ ကညင်ချောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၈၆၈(က)၊ ကွင်းအမည် ကညင်ချောင်းတောင်ကွင်း၊ ဦးပိုင်အမှတ် (၈၅/၁)၊ တောင်သူဒေါ်ငွေကြည်၏လယ်မြေ(၂)ဧကပေါ်တွင် ဆောင်းသီးနှံနေကြာ Super Sun 41 မျိုး စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ပိုးမွှားအန္တရာယ်မကျရောက်စေရေး၊ ရေပေးသွင်းခြင်း၊ ပေါင်းမြက်နှိမ်နင်းခြင်း၊မြေသြဇာ အချိန်ကိုက် ထည့်သွင်းအသုံးပြုနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်