ပြင်ဦးလွင်မြို့နယ် သပြေကျင်းကျေးရွာ အ.ထ.က(ခွဲ)တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်  စာဖတ်ရှိန်မြှင့်တင်‌ရေး စာပေဟောပြော‌ပွဲ ကျင်းပ

ပြင်ဦးလွင် ဇန်နဝါရီ ၂၃

လူငယ်ကဏ္ဍကို မြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာ‌ပေဟော‌ပြောပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ သပြေကျင်းကျေးရွာ အ.ထ.က(ခွဲ)တွင် ကျင်းပရာ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လင်းစန္ဒာမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က စာပေဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာရေးဆရာကိုရွှေအောင်သင်းက “ဘ၀လှဖို့စာဖတ်စို့” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး Women Club ဥက္ကဌ ဒေါ်ကြူကြူက စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် အဆိုပါ ဟောပြောချက်များနှင့်ပတ်သတ်၍ ကျောင်းသား/ ‌ကျောင်းသူများအား မေးမြန်းခဲ့ရာ ကျောင်းသား/ ကျောင်းသူများက မေးမြန်းချက်များအပေါ်  ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာ ကိုရွှေအောင်သင်းက မေးမြန်းချက်များအား ဖြေကြားပေးသော ကျောင်းသား/ ကျောင်းသူများအား ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက်  ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် သပြေကျင်းကျေးရွာ အ.ထ.က (ခွဲ) မှ ကျောင်းသား/ ကျောင်းသူများအား နံရံကပ်စာစောင်များ၊ သုတ၊ ရသစာစောင်များ ခင်းကျင်း ပြသ‌ပေးသည်။

အဆိုပါ စာပေဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ (၃၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သွေးသွေး (ခရိုင်ပြန်/ဆက်)