သတင်းများ

ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် သရုပ်ပြသခြင်း ပြုလုပ်
Jan 23,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် သရုပ်ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက မီးသတ်ဦးစီးဌာန ဇင်းကျိုက်မြို့နယ်မြေစခန်း၌ ပြုလုပ်ခဲ့သည်။
သုံးခွမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဂဝံလမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်နေသည့် ဂဝံလမ်းခင်းခြင်းလုပ်ငန်းအား ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်ဦးစီးအရာရှိမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့၊ အ.လ.က(ခွဲ) ပြည့်စင်ကွင်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ ကျင်းပပြုလုပ်
Jan 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို၊ အ.လ.က(ခွဲ)ပြည့်စင်ကွင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းရှိ စု​​ဝေးခန်းမ၌ပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၇၀ ဦး တက်ရောက်ခဲ့သည်။
ဒလမြို့နယ် တုံးတင်ဂံ (တောင်) ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
Jan 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် တုံးတင်ဂံ (တောင်) ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒက္ခိဏာရာမကျောင်းတိုက်ဓမ္မာရုံ၌ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကုသဆောင်ရွက်ပေးလျက်ရှိသည်။
ကျွန်းလှမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ
Jan 23,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးကောင်းမွန်ပြီး မွေးဖွားလာမည့် ကလေး‌ငယ်များ ရောဂါဘယကင်းစင်စေရန် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ အပတ်စဉ်ဆောင်ရွက်ပေးကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jan 23,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈နာရီအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း (ပညာရတနာခန်းမ)၌ ကျင်းပခဲ့သည်။
နတ်မောက်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 23,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နတ်မောက်မြို့နယ် ရုံးဝန်ထမ်းများက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ယနေ့နံနက် ၉ နာရီအချိန်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို သွားရောက်ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌စေရန် လူငယ်စကားဝိုင်းကျင်းပ
Jan 23,2025
ရန်ကုန်တိုင်း‌ဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။