သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းတာ၀န်ခံ ဒေါ်နီလာဦးက အမှာစကားပြောကြားပြီး ရန်ကုန်အရှေ့ပိုင်းရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်၀ါ၀ါ၀င်းမြိုင်က လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်၀ါ၀ါ၀င်းမြိုင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade-7 ကျောင်းသား မောင်ကောင်းခန့်ဇော်မှ လူငယ်နှင့် နည်းပညာကိုလည်းကောင်း၊ Grade-9 ကျောင်းသူ မအိမြတ်ပြည့်ဖူးမှ လူငယ်နှင့်စာရိတ္တကိုလည်းကောင်း၊ Grade-9 ကျောင်းသူ ဆုဝေဖြိုးမှ လူငယ်နှင့်ယဉ်ကျေးမှုကိုလည်းကောင်း၊ Grade-8 ကျောင်းသူ မထက်ထက်၀င်းမှ လူငယ်နှင့်ကျန်းမာရေးကိုလည်းကောင်း၊ Grade -6 ကျောင်းသူ မရတီလင်းဟန်မှ လူငယ်နှင့်စာပေကိုလည်းကောင်း၊ Grade-9 ကျောင်းသား မောင်အောင်ခန့်ငြားဖြိုးမှ လူငယ်နှင့် မူးယစ်ဆေးဝါးအသိပညာပေးခေါင်းစဉ်များဖြင့် ဆွေးနွေးကြခဲ့သည်။ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို ဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်း (ပြန်/ဆက်)