နတ်မောက် ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နတ်မောက်မြို့နယ် ရုံးဝန်ထမ်းများက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ယနေ့နံနက် ၉ နာရီအချိန်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို သွားရောက်ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသားရေးအသွင်ဖြင့် ကာကွယ်တိုက်ဖျက်၊ မူးယစ်ဆေးဝါးဆိုသည်မှာ၊ မီးရှို့ဖျက်ဆီး၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများဖြစ်ပွားနိုင်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ ရေနံ့သာမောင်ကျော်ညွန့်ရေးသားသည့် “ရှောင်ဖယ်ဝေးဝေး မူးယစ်ဆေး”(ကဗျာ)၊ အသိပညာပေးမှတ်တမ်းဓာတ်ပုံများနှင့် ကာတွန်းများဖြင့် အရောင်အသွေးစုံလင်စွာ ဖော်ပြပါရှိသည်။
သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နတ်မောက်မြို့နယ် ရုံးဝန်ထမ်းများက လူငယ်လူရွယ်များ ဗဟုသုတရရှိစေရန် အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
လှဝင်း