သတင်းများ

မြို့သစ်မြို့နယ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ စာအုပ်ပြပွဲ ဆောင်ရွက်
Jan 23,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်၊ စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဥတ္တရသီရိမြို့နယ်၌ ဆောင်းသီးနှံများနှင့် ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းဆင်းဆောင်ရွက်
Jan 23,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆောင်းသီးနှံများနှင့် ဆီထွက်သီးနှံများ အောင်မြင်စွာစိုက်ပျိုးရေး၊ သီးထပ်စွမ်းအား မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီစွာထွက်ရှိရေး မြေပြင်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပန်းဘဲတန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်
Jan 23,2025
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ မူးယစ်ဆေးဝါး အ‌ကြောင်းအရာများနှင့် ကွမ်းစားခြင်း၏ဆိုးကျိုးအကြောင်း အသိပညာပေးနံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့က အ.ထ.က (၂) ပန်းဘဲတန်းတွင် ကျင်းပခဲ့သည်။
မြို့သစ်မြို့ပေါ်ရှိ ဈေးဆိုင်များ၌ ကုန်စည်(၁၀)မျိုးနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး
Jan 23,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့ပေါ်ရှိ ဈေးဆိုင်များ၌ ကုန်စည်(၁၀)မျိုးနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီ အချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်၌ ဆေးခန်းနှင့် ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး
Jan 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် မြို့နယ်အတွင်းရှိ လိုင်စင်သက်တမ်းတိုးနှင့် လိုင်စင်သစ်လျှောက်ထား‌သော ​ဆေးခန်းနှင့် ဆေးဆိုင်များအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့​သည်။
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ်နဝမ အစည်းအဝေးကျင်းပ
Jan 23,2025
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် နဝမ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ မဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လက်မှတ်ရစီးပွားရေး စာရင်းကိုင်ပညာ(၂)နှစ်သင်တန်းပြီးမြောက်မည့် ဒုတိယနှစ်သင်တန်းသား/သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားတက်ရောက်
Jan 23,2025
လက်မှတ်ရစီးပွားရေးစာရင်းကိုင် ပညာ(၂)နှစ်သင်တန်းပြီးမြောက်မည့် ဒုတိယနှစ် သင်တန်းသား/သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(ပုသိမ်)တွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များနှင့်အတူ တက်ရောက်ခဲ့သည်။
မိုးညှင်းမြို့ အ.ထ.က (၁) ၌ ရွှေတံဆိပ်များ ဆုရှင်တို့မှ မြန်မာ့ရိုးရာဝိုင်းခြင်းနှင့် တပင်တိုင်ခြင်းလုံးဖြင့် သရုပ်ပြသ
Jan 23,2025
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မန္တလေးတိုင်း လက်ရွေးစင် ရွှေတံဆိပ်များ ဆုရှင်တို့မှ မြန်မာ့ရိုးရာဝိုင်းခြင်းအလှခတ်ကစားခြင်းနှင့် တပင်တိုင်ခြင်းလုံး အလှခတ်ကစားကြခြင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြက်ခင်းကွင်းပြင်၌ သရုပ်ပြသခဲ့ကြောင်း သိရသည်။