ကျောက်ဆည် ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါး ၅၂၈၁၇ ဧက လျာထားစိုက်ပျိုးရာ ၄၄၂ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
လျာထားမိုးစပါးများကို စမာစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအတွင်းရှိ ကျေးရွာအုပ်စုများ၌ ၈၀၃၂ ဧက၊ တမုတ် စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအတွင်းရှိ ကျေးရွာအုပ်စုများ၌ ၉၅၄၉ ဧက၊ မင်းရဲ စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအတွင်းရှိ ကျေးရွာအုပ်စုများ၌ ၅၉၇၀ ဧက၊ သင်းတွဲ စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအတွင်းရှိ ကျေးရွာအုပ်စုများ၌ ၁၀၁၄၈ ဧက၊ ထုံးကြီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအတွင်းရှိ ကျေးရွာအုပ်စုများ၌ ၉၂၄၅ ဧက၊ သင်းဒီး စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအတွင်းရှိ ကျေးရွာအုပ်စုများ၌ ၉၈၇၃ ဧက စုစုပေါင်း ၅၂၈၁၇ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး မင်းရဲ စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအတွင်းရှိ ကျေးရွာအုပ်စု များ၌ ကြဲပက် ၁၁၇ ဧက၊ သင်းတွဲ စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအတွင်းရှိ ကျေးရွာအုပ်စု များ၌ တိုက်ရိုက်အစေ့ချ ၃၂၅ ဧက စုစုပေါင်း ၄၄၂ ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ဒေသတွင်းဆန်စပါးဖူလုံပိုလျှံရေး ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးများ စိုက်ပျိုးရာ၌ ဇော်ဂျီဆည်နှင့် ကင်းတားဆည်တို့မှ စမာ၊ တမုတ်၊ မင်းရဲ၊ သင်းတွဲ၊ ထုံးကြီး၊ သင်းဒီး မြောင်းရေများဖြင့် ၅၂၄၅၇ ဧက၊ မိုးရေ ဖြင့် ၂၅၀ ဧက၊ စက်ရေတွင်းဖြင့် ၁၁၀ ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောပြသည်။
သက်မောင်(ကျောက်ဆည်)