စမ်းချောင်း ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့က ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဉာဏ်စမ်းပဟေဠိပြိုင်၊ စာဖတ်စွမ်း ရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်များကို ဆက်လက်ကျင်းပရာ စမ်းချောင်းမြို့နယ် အမှတ်(၁၃)အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား ကျောင်းသူ များ၀င် ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်း သား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပြီးကျောင်းသား၊ ကျောင်းသူလေးများက ပြသထားသော အသိပညာပေးနံရံကပ် စာစောင်နှင့် စာအုပ်စာစောင်များအား စိတ်ပါ၀င်စားစွာ ကြည့်ရှူခဲ့ကြကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)