ရွှေဘို၊ ဇူလိုင် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှကျင်းပပြုလုပ်သည့် လက်ဆွဲမျိုးစေ့ချ ကိရိယာ (Drum Seeder)ဖြင့် စပါးတိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းပညာပေးသင်တန်းနှင့် သရုပ်ပြသ ခြင်းကို ဇူလိုင်လ(၁၆)ရက်နေ့တွင် ရွှေဘိုခရိုင်စိုက်ပျိုးရေးဦးစီးဌာနရှိ ခရိုင်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရွှေဘိုမြို့နယ်အတွင်းရှိ တောင်သူဦးကြီးများ တက်ရောက်ခဲ့သည်။
အဆိုပါသင်တန်းသို့ တက်ရောက်လာသည့် တောင်သူဦးကြီးများအား ရွှေဘိုခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဇာဇာမင်းကမျိုးစေ့ချကိရိယာ(Drum Seeder) ဖြင့် စပါးတိုက်ရိုက် မျိုးစေ့ချနည်း အသုံးပြုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စပါး တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းကိုသရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)