ကန့်ဘလူ ဇူလိုင် ၁၆
ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်အစိုးရ စက်မှုလက်မှုသိပ္ပံ (ကန့်ဘလူ)တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင် ၁၄ ရက်နံနက် ၉ နာရီခွဲက အစိုးရစက်မှု လက်မှုသိပ္ပံ(ကန့်ဘလူ)ကျောင်းခန်းမ၌ ကျင်းပသည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ)ကျောင်းအုပ် ဆရာမကြီး ဒေါ်သူဇာဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇင်မင်းထွန်းက လူငယ်စကားဝိုင်းဆွေး နွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ဇင်က ဦးဆောင် ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ)ကျောင်း မှ ကျောင်းသား ကျောင်းသူများက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့်ကျန်း မာရေးနှင့်လူငယ်နှင့်ပျော်ရွှင်မှုစသည့် ခေါင်းစဥ်များအလိုက် ဆွေးနွေးပြောကြားပြီး တက်ရောက် လာသည့် ကျောင်းသားကျောင်း သူများ၏ မေးမြန်းချက်များကို ပြန်လည်ဆွေး နွေးဖြေကြားသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ အစိုးရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ)ကျောင်းအုပ်ဆရာမ ကြီးနှင့်ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူ ၈၀ ကျော်တက်ရောက်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်များကို တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)