ပထမအကြိမ် မွေးမြူရေးဒီပလိုမာ (ဟဲဟိုး) အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jan 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ၊ ဟဲဟိုး၏ နဝမ/သတ္တမအကြိမ်မြောက် မွေးမြူရေးဒီပလိုမာ (ဟဲဟိုး/ဒီးမောဆို)နှင့် ပထမအကြိမ် မွေးမြူရေးဒီပလိုမာ(ဟဲဟိုး) အောင်လက်မှတ်ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ၊ ဟဲဟိုးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။