သတင်းများ

ဝေါမြို့ပေါ်ရပ်ကွက်များအတွင်း မိုးရာသီကာလ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ပင်မရေမြောင်းနှင့် ရေနုတ်မြောင်းများ တူးဖော်ပေး
Jun 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မိုးရာသီ၌ မြို့ပေါ် ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် အဓိကကြသည့် ပင်မရေမြောင်းများနှင့် ရေနုတ်မြောင်း တူးဖော်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း က ရန်ကုန်-မော်လမြိုင်လမ်းဘေးဝဲယာရှိ ရေမြောင်းအတွင်းမှ အမှိုက်များ၊ ခြုံနွယ်များနှင့် နုန်းများကို လူအင်အား၊ စက်ယန္တရားအင်အားတို့ဖြင့် တူးခြင်း/ဖို့ခြင်း၊ ဆယ်ယူခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရေးမြို့နယ်၊ အံဒင်​ကျေးရွာတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး​နေ့ အထိမ်းအမှတ်အဖြစ် ပင်လယ်က ဗွီးပင်များစိုက်ပျိုး
Jun 06,2022
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း​ရေး​နေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်၊ ​ရေးမြို့နယ်၊ အံဒင်​ကျေးရွာ၊ ​ရေ​ပေါ်​သောင်ကွင်း၌ မြို့နယ်သစ်​တောဦးစီးဌာနမှ ဦးစီး၍ ယမန်​နေ့ နံနက် ၁၀ နာရီအချိန်က ပင်လယ်ကဗွီးပင် (၂၀၀)ပင် စိုက်ပျိုးခဲ့ကြ​ကြောင်းသိရသည်။
ထန်းတပင်မြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံပန်း/သံဂဟေဆက် သင်တန်းဖွင့်ပွဲကျင်းပ
Jun 06,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံပန်း/သံဂဟေဆက် သင်တန်းဖွင့်ပွဲကို ယနေ့နေ့လယ် ၁ နာရီက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းလှ၌ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Jun 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၅နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့ပေါ်အခြေခံပညာကျောင်းများ၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှစတင်ကာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်‌ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်၍
မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနတွင် အလုပ်သင် (နေ့စား) ဝန်ထမ်းများ လုပ်ငန်းခွင်ဝင် သင်တန်း (၁/၂၀၂၂)ဖွင့်လှစ
Jun 06,2022
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ယနေ့ နံနက် ၉ နာရီအချိန်တွင် မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး၌ အလုပ်သင် (နေ့စား)ဝန်ထမ်းများ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂-ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ
Jun 06,2022
ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင်နှင့် ထာဝစဉ်လှုပ်ရှားလည်ပတ်နေသည့် ဂေဟစနစ်များ ရရှိစေရန်အတွက် တာဝန်သိသိ၊ အသိတရားရှိရှိ စိတ်ဓါတ်ဖြင့် သဘာ၀ပတ်ဝန်းကျင်ကို ပြည်သူများအနေဖြင့် တန်ဘိုးထားပြီး ထိန်းသိမ်းကြစေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂-ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ဇွန်လ(၅)ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
မယ်စဲ့မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Jun 06,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးငယ်များအားလုံးကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား